LOTTE HOTEL SEOUL OFFERS
Check out special hotel room promotion offers found only at LOTTE HOTELS SEOUL.
World EXPO 2030
BUSAN, KOREA
LOTTE က သင့်ကိုဆွဲဆောင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ပါမည်


ပက်ကေ့ချ်

အထက်တန်းကျကျ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ရေးဝန်ဆောင်မှုများပေးအပ် လျက်ရှိသည်။SIGNIEL ၌ နေထိုင်၍ သင့် ဘဝ၏ အခမ်းနားဆုံးသော အထူး အခွင့်အရေးများဖြင့် ရယူခံစားလိုက်ပါ။ သင်၏နေ
သက်သောင့်သက်သာဖြစ်ပြီး ကျော့ရှင်းလှပသော အခန်းများဖြင့် ပြီးပြည့်စုံသော ခရီးစဉ်ကို စီစဉ်၍ သဘာဝ၏အလှအပ၌ အပန်းဖြေပါ။

အာရှတွင်သာမက နိုင်ငံတကာသို့ပါ ခြေဆန့်၍ လုပ်ငန်းများလည်ပတ်လျက်ရှိသော နာမည်အကြီးဆုံး ကိုရီးယားဟိုတယ်လုပ်ငန်းတစ်ခုဖြစ်သည့် LOTTE HOTELS & RESORTS သည် ဝန်ဆောင်မှုပိုင်းတွင်ရော အသုံးအဆောင်ပစ္စည်းပိုင်းတွင်ပါ အလုံးစုံ ထူးကဲမှုဖြင့် ဧည့်သည်တော်များ၏ မျှော်မှန်းချက်များထက် ကျော်လွန်ဖြည့်ဆည်းပေးနိုင်စေရန် အားထုတ်နေပါသည်။ ဟန်ချက်ညီသော လူနေမှုဘဝအတွက် အရည်အသွေးကို တန်ဖိုးထားသော ဧည့်သည်များသည် ထူးခြားသည့် ဟိုတယ်ဝန်ဆောင်မှု၊ ဧည့်သည်အပေါ် စေ့စေ့စပ်စပ် အာရုံစိုက်မှုနှင့် လွန်စွာမှ သက်သောင့်သက်သာရှိလှသော ဇိမ်ခံတည်းခိုရာနေရာကို LOTTE HOTELS & RESORTS တွင် ရရှိနိုင်ပါသည်။ လုပ်ငန်းကိစ္စကြောင့် လာရောက်ခြင်းဖြစ်စေ၊ အပန်းဖြေရန် လာရောက်ခြင်းဖြစ်စေ ကျွန်ုပ်တို့၏ ဟိုတယ်များတွင် အာမခံထားသည့်အတိုင်း ဧည့်သည်များကို စိတ်ကျေနပ်မှု ပေးစွမ်းရန် အသုံးအဆောင်ပစ္စည်း စုံစုံလင်လင် ပါရှိသလို ကျွန်ုပ်တို့၏ စားသောက်ဆိုင်များ၊ ခန်းမများနှင့် ဘားများတွင် အစားကောင်းကြိုက်သူများအတွက် လွန်စွာ လှပချိုမြိန်သည့် ညစာဧည့်ခံမှု အတွေ့အကြုံကို ရရှိသွားစေရန် ရွေးချယ်စရာများစွာကို စီစဉ်ပေးထားပါသည်။ SIGNIEL၊ LOTTE Hotels၊ L7 နှင့် LOTTE City Hotels ပက်ကေ့ချ်များ အားလုံးအတွက် အထူး ပရိုမိုးရှင်းများ၊ အကျိုးခံစားခွင့်များ၊ ပွဲအစီအစဉ်များနှင့် ဈေးနှုန်းများကို ကျွန်ုပ်တို့၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ရှာဖွေလိုက်ပါ။