အထင်ကရနေရာ အချက်အလက်

Google
မြေပုံအချက်အလက်©2026
မြေပုံအချက်အလက်©2026
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Inya Lake - အထင်ကရနေရာ အချက်အလက်
အင်းလျားကန်
အင်းလျားကန်သည် ရန်ကုန်မြို့၏ သဘာဝရေကန်အနည်းအကျဉ်းထဲမှ တစ်ခုဖြစ်ကာ အကြီးဆုံးလည်းဖြစ်ပြီး အကျယ် (၄) ကီလိုမီတာ ခန့်ရှိသည်။ စိမ်းလန်းစိုပြေပြီး အနားယူအပန်းဖြေစရာ နေရာကောင်းတစ်ခုဖြစ်တာကြောင့် ရန်ကုန်မြို့ရှိ လူငယ်များသည် လာရောက်အပန်းဖြေလေ့ရှိကြသည်။ အင်းလျားကန်အနီးတဝိုက်တွင် ဘဏ်များ၊ စားသောက်ဆိုင်များနှင့် ကဖေးများစွာ ရှိပါသည်။ ယနေ့ခေတ်တွင်မူ ရွက်လှေနှင့် တက်လှော်ခတ်ခြင်းကဲ့သို့သော အားကစားများကို အင်းလျားကန်ကမ်းခြေနားရှိ ရွက်လှေကလပ်များတွင် ရရှိနိုင်သည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Tooth Relic Pagoda - အထင်ကရနေရာ အချက်အလက်
စွယ်တော်မြတ်စေတီ
ရန်ကုန်မြို့၏ခေတ်သစ်ဘုရားများအနက် တစ်ခုဖြစ်သော စွယ်တော်မြတ်စေတီသည် ဂေါတမဗုဒ္ဓ၏ စွယ်တော်တစ်ဆူကို ဌာပနာထား သိမ်းဆည်းထားပြီး အပြင်ဘက်တွင် အများပြည်သူများဖူးမျှော်နိုင်ရန် ဆင်စွယ်ဖြင့် ပုံစံတူပြုလုပ်ထား ရှိပါသည်။ ပုဂံတွင် တည်ထားကိုးကွယ်ထားသည့် အာနန္ဒာစေတီတော်နှင့် ဆင်တူပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တောင်ဘက်တွင်တည်ရှိသည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Reclining Buddha - အထင်ကရနေရာ အချက်အလက်
ခြောက်ထပ်ကြီးဘုရား
ခြောက်ထပ်ကြီးဗုဒ္ဓရုပ်ပွားတော်သည် အမြင့် ၁၆ မီတာ၊ အရှည် ၆၅ မီတာရှိပြီး အလွန်ပင် ကြည်ညိုသပ္ပါယ်လှသည်။ ဖြူဝင်းသောမျက်နှာတော်၊ နီရဲသော နှုတ်ခမ်းတော်၊ ပြာလဲ့သော မျက်လုံး အပြင် ရွှေသင်္ကန်း နှင့် နီမြန်းသော လက်သည်းတော်ကိုကလည်း အလွန်ပင် နှစ်လိုဖွယ်ကောင်းမွန်လှသည်။ ၎င်းအပြင် ဖဝါးတော်တွင်အနီရောင်နှင့်ရွှေရောင် လက္ခဏာတော် ၁၀၈ ကွက် ပါဝင်ပြီး ဗုဒ္ဓ၏“ လက္ခဏာတော်” (သို့မဟုတ်) ဘုရားလောင်းမဖြစ်မှီ ဖြည့်ကျင့်ခဲ့သော ဘဝအဆက်ဆက်မှ ပါရမီရင့်သန်ပုံများ ကိုပုံဖော်ထားခြင်းဖြစ်သည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Karaweik Palace - အထင်ကရနေရာ အချက်အလက်
ကရဝိတ် နန်းတော်
ကရဝိတ် နန်းတော်ကို ၁၉၇၃ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး အမြင့်ဆုံးနေရာတွင် ၁၉ မီတာ (ပေ ၆၀) ရှိသည်။ ခမ်းနားထည်ဝါလှတဲ့ နန်းတော်အဆောက်အဦးကို ရိုးရာတော်ဝင်ရေယာဉ်ပုံစံဖြင့် တည်ဆောက်ခဲ့ပြီး ဒဏ္ဍာရီဆန်သော ဟင်္သာငှက် မောင်နှံ အတူယှဉ်တွဲနေသည့် ပုံစံဖြစ်ပါသည်။ ကန်တော်ကြီး ရေကန်ပေါ်တွင်တည်ရှိပြီး ရွှေတိဂုံစေတီတော်ကိုတိုက်ရိုက် ဖူးမျှော်နိုင်ပါသည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Lotte Hotel Yangon-About Us-Tourist Attractions in Yangon-City Hall - အထင်ကရနေရာ အချက်အလက်
မြို့တော်ခန်းမ
မြို့တော်ခန်းမသည် ရန်ကုန်မြို့အလယ်ခေါင် အဓိကအချက်အချာ ကျသော နေရာတွင်တည်ရှိပြီး မြန်မာ့ဗိသုကာ လက်ရာကောင်း အဖြစ် စံနမူနာ ထားစရာ အဆောက်အဦး တခု အဖြစ်ထည့်သွင်းစဉ်းစားကြပေသည်။ ၁၉၂၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၀ နှစ်အကြာမှာ ဆောက်လုပ်ပြီးစီးခဲ့သည်။ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေ အနှစ် စာရင်းဝင် ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးအခြေစိုက်ရာ နေရာလဲ ဖြစ်ပါသည်။ အရှေ့တောင်အာရှ နိုင်ငံကြီးများအနက်မှ ရန်ကုန်မြို့၏ ကိုလိုနီခေတ်အဆောက်အဦးများစွာကို ၁၉ ရာစုနှောင်းပိုင်းဗိသုကာလက်ရာများနှင့်ယှဉ်တွဲ တွေ့မြင်နိုင်လိမ့်မည် ဖြစ်ပါသည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Lotte Hotel Yangon-About Us-Tourist Attractions in Yangon-Allied War Memorial Cemetery (Htauk Kyant) - အထင်ကရနေရာ အချက်အလက်
ထောက်ကြံ့စစ်သင်္ချိုင်း
အများအခေါ်ထောက်ကြံံ့စစ်သင်္ချိူင်း (နာမည်အရင်းမှာ မဟာမိတ်စစ်အတွင်းအောက်မေ့သတိရဖွယ်ရာစစ်သုသာန်) သည် မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မြို့ အနီးအနားတွင် တည်ရှိပြီး ရန်ကုန်မြို့ မြောက်ဘက် ၃၂ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ထောက်ကြံံ့စစ်သချှိၤုင်းကို ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပီး ဒုတိယကမာစစ်အတွင်း တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးခဲ့ကြသော မဟာမိတ်စစ်သားများကို မြုပ်နှံထားသောနေရာဖြစ်ပါသည်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Lotte Hotel Yangon-About Us-Tourist Attractions in Yangon-Bogyoke Market (Scott Market) - အထင်ကရနေရာ အချက်အလက်
ဗိုလ်ချုပ်ဈေး (စကော့ဈေး)
ဗိုလ်ချုပ်ဈေး (ဝါ) စကော့ဈေး ကို ၁၉၂၆ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ရဲ့လူသိများကျော်ကြားတဲ့ဈေးတစ်ခုဖြစ်ပါတယ်။ အမှတ်တရပစည်း အရောင်းဆိုင်များ၊ လက်မှုပညာများ ၊ မြန်မာရိုးရာဝတ်စုံ များနှင့် အဝတ်အထည်များ ကျောက်မျက်ရတနာဆိုင်ခန်းများနှင့် လက်ဝတ်ရတနာ ဆိုင်ခန်းများ အစရှိသော ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် နိဒါန်း - Lotte Hotel Yangon-About Us-Tourist Attractions in Yangon-Shwedagon Pagoda - အထင်ကရနေရာ အချက်အလက်
ရွှေတိဂုံစေတီ
ဉာဏ်တော် အမြင့်၃၂၆ ပေ ရှိပြီး ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလည်တခေါက် မရောက်ခဲ့ပါလျှင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရကျိုး မနပ်ဟု ပြောနိုင်ပေသည်။ ရွှေတိဂုံစေတီကို မြတ်စွာဘုရား၏ ဆံတော်နှင့် အခြားဓါတ်တော်များကိုဌာပနာ၍ တည်ထားကိုးကွယ်တော်မူခြင်းခဲ့ဖြစ်သည်။ ကန်တော်ကြီးပန်းခြံ၏ အနောက်ဘက်အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ စေတီတစ်ဆူအဖြစ် လူသိများထင်ရှားသည်။
BESbswy