LOTTE ဟိုတယ် ရန်ကုန် အကြောင်း

Introduction

လိုတေးလ်ဟိုတယ် ရန်ကုန်သည် မြန်မာနိုင်ငံသားများ အတွက် အထင်ကရအထိမ်းအမှတ် နေရာတစ်ခု ဖြစ်သော ရွှေတိဂုံဘုရား၏ မြောက်ဘက်နှင့် ရန်ကုန်မြို့တွင် ပျော်ပွဲစားထွက်ရန် အထင်ကရ အဖြစ်ဆုံး နေရာတစ်ခု ဖြစ်သော အင်းယားကန်၏ အနောက်ဘက်တို့တွင် တည်ရှိပေသည်။ လှပလွန်းလှသည့် အင်းယားကန် မြင်ကွင်းအား ခံစားနိုင်မည့် အခန်းများ၊ ဧည့်သည်ပေါင်းများစွာ ပါဝင်နိုင်သည့် နိုင်ငံတကာ ပွဲ အစီအစဉ်များနှင့် အစည်းအဝေးပွဲများအတွက် သင့်လျှော်သော ဧည့်ခံဟောခန်းမ၊ ထို့ပြင် အမျိုးအစား စုံလင်လှသော စားသောက်ဆိုင်များ အစရှိသည်တို့ ပါဝင်သည့် ကျွန်ပ်တို့၏ အထူးအဆောက်အအုံသည် အပန်းဖြေအနားယူ နိုင်ရုံမျှမက စီးပွားရေး လုပ်ငန်းဆိုင်ရာ အောင်မြင်မှုများ အတွက်လည်း ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် နားနေခန်းငယ်များ မြင်ကွင်းကျယ် ရေကူးကန်နှင့် ကန်နံဘေးရှိ ဘားများ ကဲ့သို့သော အပြင်ဘက် နေရာအမျိုးမျိုးသည်လည်း မိသားစုများနှင့် စုံတွဲများတို့ အတွက် တမူထူးခြားသော လည်ပတ်မှု အတွေ့အကြုံ တစ်ခုကို ရရှိစေမည် ဖြစ်ပါသည်။

ROOMS

ROOMS & SUITE
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် - Ståãndåãrd - LOTTE ဟိုတယ် ရန်ကုန် အကြောင်း

LOTTE HOTEL YANGON သည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များမှစ၍ စီးပွားလုပ်ငန်းအတွက် ခရီးသွားသူများအထိ မိမိတို့၏ ဧည့်သည်များအားလုံးကို စိတ်ကျေနပ်မှု ပံ့ပိုးရန် အခန်းအမျိုးမျိုးဖြင့် ဝန်ဆောင်မှုများပေးပါသည်။

  • အခန်းပေါင်း ၃၄၃ခန်းရှိပြီး ကြည်ညိုဖွယ်ရာကောင်းသော ရွှေတိဂုံစေတီတော်၏ မြင်ကွင်းနှင့် အင်းယားကန်၏ လှပရူမောဖွယ် မြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။
  • ခေတ်မီဆန်းသစ်လှပသော နောက်ဆုံးပေါ်ဒီဇိုင်းများဖြင့် အခန်းတိုင်းပြင်ဆင်ထားရှိပါသည်။
  • ကျယ်ဝန်းလှပသော အခန်းတိုင်းတွင် ခမ်းနားထည်ဝါသော အသုံးအဆောင် ပရိဘောဂပစ္စည်းများကို အသုံးပြုထားပါသည်။
အသေးစိတ်အချက်လက်ကြည့်ရန်

DINING

DINING
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် - Müùgüùnghwãå - LOTTE ဟိုတယ် ရန်ကုန် အကြောင်း
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် - Tóöh Líím - LOTTE ဟိုတယ် ရန်ကုန် အကြောင်း
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် - Làä Sêêîînêê - LOTTE ဟိုတယ် ရန်ကုန် အကြောင်း
LOTTE ဟိုတယ် ရန်ကုန် - LOTTE ဟိုတယ် ရန်ကုန် - Fùúll SìídéébâárBBQ - LOTTE ဟိုတယ် ရန်ကုန် အကြောင်း
1/4

ကမ္ဘာတစ်ဝှမ်းမှ ဟင်းလျာများနှင့် ထင်ရှားကျော်ကြားသော ဒေသအစားအစာများကို ရန်ကုန်မြို့ရှိ လိုတေးလ် ဟိုတယ်၏ စားသောက်ဆိုင်တွင် ဧည့်သည်တော်များ စိတ်တိုင်းကျမြင်တွေ့ပြီး မြည်းစမ်းသုံးဆောင် နိုင်ပါသည်။

  • Mugunghwa (ကိုရီးယားအစားအစာ)
  • Toh Lim (တရုတ်အစားအစာ)
  • La Seine (အနောက်တိုင်း၊ အာရှနှင့် ဂျပန်အစားအစာ)
  • The Lounge
  • Delica Hans (ကိတ်မုန့်၊ ပေါင်မုန့်)
အသေးစိတ်အချက်လက်ကြည့်ရန်

FACILITIES

FACILITIES
1/5

လိုတေးလ်ဟိုတယ်သည် ရန်ကုန်မြို့တော်အတွင်း အလှပဆုံးနှင့် အဆန်းသစ်ဆုံးသော နေရာတစ်ခုဖြစ်ပါသည်။

  • လှပထည်ဝါဆန်းသစ်သော မိုးလုံလေလုံရေကူးကန်နှင့် အတူအားကစားခန်းမ၊ ရေနွေးကန်နှင့် ချွေးထုတ်ခန်းများရှိပါသည်။
  • Infinity Pool ဟုခေါ်သော အပြင်ဘက်တွင်တည်ရှိသော ရေကူးကန်မှလည်း အင်းယားကန်၏ အလှအပ မြင်ကွင်းကို ခံစားနိုင်ပါသည်။ ဧည့်သည်များ အနားယူအပန်းဖြေနိုင်စေရန် နေရာများရှိပြီး စားသောက်ဖွယ်ရာများကိုလည်း မှာယူသုံးဆောင်နိုင်ပါသည်။
  • လူဦးရေ ၈ ယောက်မှ ၁၂ ယောက်အထိ ဝင်ဆံနိုင်သော Business Center တွင်လည်း ဧည့်သည်တော်များ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါသည်။
အသေးစိတ်အချက်လက်ကြည့်ရန်

WEDDING & CONFERENCE

WEDDING & CONFERENCE

လိုတေးလ် ဟိုတယ်ရန်ကုန်မှ တစ်သက်မှာတစ်ခါ တစ်ခါမှာတစ်ဘဝစာ အမှတ်တရထင်ကျန်ရစ်စေမည့် ခန်းနားထည်ဝါလှပသော မင်္ဂလာဆောင်အခမ်းအနားပွဲများ၊ အပြည်ပြည်ဆိုင်ရာညီလာခံ ပွဲများ၊ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများကို လက်ခံဆောင်ရွက်ပေးပါသည်။

  • ကျွနု်ပ်တို့၏ လှပထည်ဝါခမ်းနားလှသော ဧည့်ခံဟောခန်းမ သည် လူဦးရေ ၆၀၀ ကျော်ခန့်ဝင်ဆံနိုင်ပါသည်။
  • အံ့သြမှင်သက်ဖွယ်နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုကာ ဗီဒီယိုပိုင်းဆိုင်ရာ၊ မီးအလင်းအမှောင်ပိုင်းဆိုင်ရာများကိုလည်း ဆန်းသစ်လှပစွာ ဖန်တီးဝန်ဆောင်မှု ပေးပါသည်။
  • အမျိုးမျိုးသောတွေ့ဆုံပွဲ၊ နိုင်ငံတော်အခမ်းအနားပွဲများအတွက်လည်း ခေတ်မှီလှပကျယ်ဝန်းသော အပြင်အဆင်ဖြင့် Sapphire ဧည့်ခန်းမသည်လည်း လူကြီးမင်းများပွဲကျင်းပရန် အကောင်းဆုံးသောခန်းမကျယ်တစ်ခု ဖြစ်သည်။
အသေးစိတ်အချက်လက်ကြည့်ရန်

၎င်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်ရပ်ဖြစ်သည်။

စိတ်ပါဝင်စားသော ဟိုတယ်များတွင် လာမည့်ပွဲများကို ကြည့်ရှုပါ။