
စားသောက်ဆိုင်Toh Lim

(၁၄) ထပ်အမြင့်တွင်တည်ရှိသောတရုတ်စားသောက်ဆိုင်မှသည် အံ့ဩမှင်သက်ဖွယ် အလွန်လှပသော မြင်ကွင်းအလှကို ခံစားပြီး မမေ့နိုင်ဖွယ်ရာလက်ရာ အစားအသောက်ကောင်းများကို မှာယူသုံးဆောင်နိုင်ပါသည်။ ဟိုတယ်ရေကူးကန်အလှနှင့် ကဗျာဆန်စွာ လှပနေသော ပတ်ဝန်းကျင်အလှကိုလည်း စိတ်ကြည်နူးဖွယ် တွေ့မြင်ခံစားရပြီး စိတ်လက်ပေါ့ပါးမှုကို ရရှိစေမည်ဖြစ်ပါသည် ။ထို့အပြင် Toh Lim စားသောက်ဆိုင်၏ ခတ်မှီဆန်သစ်သော အပြင်အဆင်နှင့် အဆင့်အတန်းမြင့် ဝန်ဆောင်မှုများကလည်း ဧည့်သည်တော်များကို စိတ်ချမ်းမြေ့ စေမှာမလွဲပေ။ ဟင်းလျာများ မှာလည်း ကမ္ဘာထိပ်တန်းလက်ရာ စားဖိုမှုးကြီးများ၏ ဆန်းသစ်သောစိတ်ကူးများနှင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများကိုပေါင်းစပ်ဖန်တီး ချက်ပြုတ်ထားသဖြင့် မေ့မရနိုင်သော အရသာသစ်တို့ကို ရရှိစေမှာဖြစ်ပါသည်။
Gallery
နောက်ထပ်အချက်အလက်များ
- ၁. စစ်မှန်သော တရုတ်ရိုးရာ ဟင်းလျာများကို ဧည့်သည်တော်များ အကြိုက်တွေ့အောင် ပြင်ဆင်ချက်ပြုတ်ထားသော Toh Lim စားသောက်ဆိုင်သည် ငါးမန်းတောင်ဟင်းချို၊ နှစ်လွှာငှက်သိုက်ဟင်းချို၊ လတ်ဆတ်သော ပင်လယ်စာဟင်းချို၊ ပင်လယ်ခရုဟင်းလျာ အစရှိသော ဟင်းလျားအပြင် အခြားသော တရုတ်ဟင်းလျာမျိုးစုံကို ရရှိနိုင်ပါသည်။
- ၂. Toh Lim စားသောက်ဆိုင်သည် (၁၄) လွှာတွင်ရှိပြီး အဆင့်အတန်းမြင့်သော အပြင်အဆင်များနှင့်တကွ သီးသန့်စားသောက်ခန်းမှလည်း အင်းလျားကန်၏ သဘာဝအလှအပကို တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါသည်။
- ၃. သေသပ်လှပပြီး သက်တောင့်သက်သာရှိသော စားသောက်ခန်းမ
- ၄. ကျယ်ပြန့်သော ဝိုင်သိုလှောင်ခန်း- အကျယ်အဝန်း ၇၀၄စတုရန်းမီတာ
- ဆန့်ဝင်နိုင်သောလူဦးရေ - ၉၈ဦး (သီးသန့်ခန်းမ ၆ခန်း) - All prices are USD and exclusive of charge and VAT.
- Prices are subject to 10% service charge and 3% government tax.