1/2

Enriching Moments
At Global Destinations

မျှော်လင့်ထားသည်ထက် သာလွန်စွာ ‌နေထိုင်ခြင်းသည်
Lakeside serenity by Inya Lake at LOTTE HOTEL YANGON
ရင်သတ်ရှုမောဖွယ်ကောင်းသည့် ခေတ်မှီဗိသုကာလက်ရာဖြင့်တည်ဆောက်ထားသော မိုးမျှော်အမြင့်ရှိ LOTTE HOTEL YANGON သည် မြန်မာပြည်တွင် 5 Stars အဆင့်ရှိ အရည်အသွေးပြည့်မှီသော ဟိုတယ်ဖြစ်ပါသည်။ ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံစေတီတော်နှင့် အင်းလျားကန်ရှိသော ရှုခင်းပတ်၀န်းကျင်ဖြင့် LOTTE HOTEL YANGON သည် ထင်ရှားခန်းနားစွာတည်ရှိနေသည်။
  • LOTTE ဟိုတယ် ရန်ကုန် - yangon-hotel - တည်းခိုသည့် နေရာ

LOTTE HOTELS

Room & Suites

အခန်းများနှင့် Suite များ
အားလုံးကြည့်
LOTTE ဟိုတယ် ရန်ကုန် - Royal Suite Room - တည်းခိုသည့် နေရာ
LOTTE ဟိုတယ် ရန်ကုန် - Presidential Suite Room - တည်းခိုသည့် နေရာ
LOTTE ဟိုတယ် ရန်ကုန် - Superior Suite Room - တည်းခိုသည့် နေရာ
LOTTE ဟိုတယ် ရန်ကုန် - Junior Suite Room - တည်းခိုသည့် နေရာ
LOTTE ဟိုတယ် ရန်ကုန် - Premiere Lake Room - တည်းခိုသည့် နေရာ
LOTTE ဟိုတယ် ရန်ကုန် - Deluxe Room - တည်းခိုသည့် နေရာ
Standardမြို့ရဲ့ရှုခင်း
Royal Suite Room
LOTTE HOTEL YANGON ၏ Royal Suite Room သည် ဟိုတယ်၏ ၁၂ လွှာ တွင်တည်ရှိပြီး 337.6 m² ကျယ်၀န်းသည်။ ကမ္ဘာ့ခေါင်းဆောင်များအနားယူနိုင်သော VIP အခန်းဖြစ်ပြီးကျယ်ဝန်းသောအခန်းတွင် အိပ်ခန်းနှစ်ခန်း၊ meeting အခန်းတစ်ခန်း၊ ၁၂ယောက်ဆံ့သော ထမင်းစားခန်းတစ်ခန်း ဧည့်ခန်းနှစ်ခန်းနှင့် သီးသန့်စာကြည့်တိုက်တစ်ခန်းတို့ ပါဝင်ပါသည်။
Standardမြို့ရဲ့ရှုခင်း
Presidential Suite Room
LOTTE HOTEL YANGON ၏ တစ်ခန်းတည်းသော Presidential Suite Room သည် ဟိုတယ်၏ ၁၁ လွှာ တွင်တည်ရှိပြီး 182.17 m² ကျယ်၀န်းသည်။ လှပသောပြင်ဆင်ထားသော၊ ကျယ်ပြန့်သော VIP suite ဖြစ်သည့်အပြင် အိပ်ခန်း၊ ရေချိုးခန်းနှင့် ဧည့်ခန်း ဧရိယာများနှင့်အတူ၊ အခန်းသည် ဧည့်သည် ခြောက်ဦးအတွက် သင့်လျော်သော အစည်းအဝေး/ထမင်းစားခန်းပါရှိသည်။ ကြီးကျယ်ခမ်းနားတဲ့ အင်းလျားကန်၏ မြင်ကွင်းများကို မြင်တွေ့နိုင်ပါသည်။
Standardမြို့ရဲ့ရှုခင်း
Superior Suite Room
LOTTE HOTEL YANGON ၏ Superior Suite Room များသည် Junior Suit အခန်းထက်ကျယ်၀န်းပြီးခေတ်မှီသပ်ရပ်သောအိပ်ရာ၊ ကောင်းမွန်သော ရေချိုးခန်းအပြင်အဆင်နှင့် ရင်သက်ရှုမောဖွယ်ကောင်းသော အင်းလျားကန်၏ရှုခင်းကို မြင်တွေ့နေရသော ဧည့်ခန်းရှိပြီး 64.7 မှ 67.1 m² အကျယ်အ၀န်းရှိသည်။
Standardမြို့ရဲ့ရှုခင်း
Junior Suite Room
LOTTE HOTEL YANGON ၏ Junior Suite Room များသည် ခေတ်မှီသပ်ရပ်သောအိပ်ရာ၊ ကောင်းမွန်သော ရေချိုးခန်းအပြင်အဆင်နှင့် ရင်သက်ရှုမောဖွယ်ကောင်းသော အင်းလျားကန်၏ရှုခင်းကို မြင်တွေ့နေရသော ဧည့်ခန်းရှိပြီး 56.3 m² အကျယ်အ၀န်းရှိသည်။
Standardမြို့ရဲ့ရှုခင်း
Premier Lake Room
LOTTE HOTEL YANGON ၏ Standard Premier Lake View Room သည် ၃လွှာမှ ၁၀လွှာအထပ်တွင်းရှိသော အခန်းများဖြစ်ပြီး အင်းလျားကန်၏ လှပသောရှုခင်းကိုကြည့်ရှုခံစားနိုင်သည့်အပြင် ခေတ်မှီကောင်းမွန်သော အခန်းတွင်းအပြင်အဆင်တို့ဖြင့် အဆင်ပြေစွာအနားယူနိုင်သော အခန်းများဖြစ်ပါသည်။
Standardမြို့ရဲ့ရှုခင်း
Deluxe Room
ရိုးရှင်းပြီး ခေတ်ပေါ်ပုံစံ ဖြစ်သည် Deluxe အခန်းများသည်အထပ် ၃ လွှာမှ ၁၀ လွှာအကြားတွင် တည်ရှိပြီး အသုံးစရိတ် သတ်မှတ်ထားသည့် ခရီးစဉ်တစ်ခုအတွက် အကောင်းဆုံးသော ရွေးခြယ်မှု ဖြစ်ပေသည်။

Eat, play, relax

စားသောက်ဖွယ်ရာ၊ ကစားခြင်း၊ အနားယူခြင်း ကမ်းလှမ်းမှုများ
အားလုံးကြည့်
LOTTE ဟိုတယ် ရန်ကုန် - Toh Lim - တည်းခိုသည့် နေရာ
# စားသောက်ဆိုင်
Toh Lim
(၁၄) ထပ်အမြင့်တွင်တည်ရှိသောတရုတ်စားသောက်ဆိုင်မှသည် အံ့ဩမှင်သက်ဖွယ် အလွန်လှပသော မြင်ကွင်းအလှကို ခံစားပြီး မမေ့နိုင်ဖွယ်ရာလက်ရာ အစားအသောက်ကောင်းများကို မှာယူသုံးဆောင်နိုင်ပါသည်။ ဟိုတယ်ရေကူးကန်အလှနှင့် ကဗျာဆန်စွာ လှပနေသော ပတ်ဝန်းကျင်အလှကိုလည်း စိတ်ကြည်နူးဖွယ် တွေ့မြင်ခံစားရပြီး စိတ်လက်ပေါ့ပါးမှုကို ရရှိစေမည်ဖြစ်ပါသည် ။ထို့အပြင် Toh Lim စားသောက်ဆိုင်၏ ခတ်မှီဆန်သစ်သော အပြင်အဆင်နှင့် အဆင့်အတန်းမြင့် ဝန်ဆောင်မှုများကလည်း ဧည့်သည်တော်များကို စိတ်ချမ်းမြေ့ စေမှာမလွဲပေ။ ဟင်းလျာများ မှာလည်း ကမ္ဘာထိပ်တန်းလက်ရာ စားဖိုမှုးကြီးများ၏ ဆန်းသစ်သောစိတ်ကူးများနှင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများကိုပေါင်းစပ်ဖန်တီး ချက်ပြုတ်ထားသဖြင့် မေ့မရနိုင်သော အရသာသစ်တို့ကို ရရှိစေမှာဖြစ်ပါသည်။
1/3

Membership Benefits

အဖွဲ့ဝင် အထူးအကျိုးခံစားခွင့်များ
Point များရယူပြီး သီးသန့်အဖွဲ့ဝင်သာ ရရှိသည့်ခံစားခွင့်များကို ရယူရန် ယခုပဲ စာရင်းသွင်းလိုက်ပါ။
  • တည်းခိုသည့် နေရာPoint 10% အထိ စုဆောင်းပါ
  • စားသောက်ခြင်းဆုချီးမြှင့်ထားသည့် point များ ပေးချေခြင်း
  • ဈေးဝယ်ခြင်းဆုချီးမြှင့်ထားသည့် point များနှင့် Duty Free Shop
  • လှူဒါန်းမှုကိုပွိုင့်လှူပါ UNICEF

Location

တည်နေရာ
ဒေသတွင်းရာသီဥတု
March 30, 2026 23:55
36℃(97)℉
LOTTE ဟိုတယ် ရန်ကုန်
လိပ်စာ
No. 82, Sin Phyu Shin Avenue Pyay Road, 6½ Mile, Ward 11 MM ရန်ကုန်, 11052, မြန်မာ
အဓိကနံပါတ်
01-9351000ဖုန်းခေါ်ပါ။
အခန်းကြိုတင်မှာယူခြင်း။
01-9351000ဖုန်းခေါ်ပါ။
စာရင်းသွင်း/ထုတ်
14:00 / 12:00
အီးမေးလ်
reservation.mm@lotte.net