Home Facilities Spa & Fitness- Fitness Center

Spa & Fitness

Fitness Center

မျက်နှာစာကို တောက်ပြောင်ပြီး ကြီးမားကျယ်ပြန့်သည့်မှန်သားပြင်ဖြင့် ဆင်ယင်ထားကာ အင်းယားကန်အစပ် အမြင့်ပိုင်း၌တည်ရှိသော ကျွန်ုပ်တို့၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေး စင်တာသည် ကာယလေ့ကျင့်ခန်း လာရောက်ပြုလုပ်သူအားလုံးအတွက် ရွှင်လန်းတက်ကြွစေမည့် အကောင်းဆုံးသော နေရာတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ နောက်ဆုံးပေါ်တန်ဖိုးအကြီးဆုံး အားကစား လေ့ကျင့်ရေး ကိရိယာ ပစ္စည်းများဖြင့် ခန္ဓာကိုယ်တစ်ခုလုံး လေ့ကျင့်ခန်း လုပ်ဆောင်နိုင်ရန် အတွက် လာရောက် လေ့လာကြည့်ရှု လှည့်ပါ။

LOTTE HOTEL ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးစင်တာသည် ကျန်းမာရေး၊ အလှအပနှင့်အပန်းဖြေ အနားယူစရာ အကောင်းမွန်ဆုံး နေရာများသို့သွားရောက်လေ့ရှိသည့် ကျန်းမာရေးအသိနိုးကြားသော ဧည့်သည်တော်များ၏လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။

သာယာလှပသော ကန်မြင်ကွင်းအဖုံဖုံ နှင့်အတူ နောက်ဆုံးပေါ်ပစ္စည်း အပြည့်အစုံပါရှိပြီး အလွန် သက်သောင့်သက်သာရှိကာ ခေတ်မီခမ်းနားသည့် စုပေါင်း အဆောက်အအုံအတွင်း၌တည်ရှိသော ကျွန်ုပ်တို့၏ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ရေးစင်တာသည် ကျန်းမာပြီး စိတ်ဖိစီးမှုနည်းပါးသောနေထိုင်မှု အတွက်အခြေခံကို ပ့ံပိုးပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့၏အားကစားခန်းမသည် သင့်အား တန်ဖိုးအကြီးဆုံးသောပစ္စည်း ကိရိယာများ၊ အင်းယားကန်၏ တုနှိုင်း မယှဉ်သာနိုင်သောအပေါ်စီးမြင်ကွင်း များဖြင့် အသက်ပင်ရှုဖို့မေ့အောင် ဖမ်းစားနေမည့်အခိုက် ရေကူးကန်များ ၊ ဂျာကူဇီခေါ် ရေစိမ်ချိုးကန်၊ ဆောင်းနာခေါ်ချွေးထုတ်ခန်းနှင့် ရေအေးကန်ငယ်များစသည့် ကျွနု်ပ်တို့၏အပန်းဖြေစရာအစုံအလင်တို့သည် မြို့တော်တွင်ကုန်ဆုံးမည့် တစ်နေ့တာအတွက် အကောင်းဆုံး ဖြေဖျောက်ပေးနိုင်မည့်အရာပင် ဖြစ်ပါသည်။

Overview

  • Type
    Fitness
  • Location
    B1F
  • Hours
    05:30 AM - 11:00 PM

Details

အရည်အသွေးအကောင်းဆုံးအီတလီ ကုမ္ပဏီ Technogym ၏ပစ္စည်းများဖြင့် ပြင်ဆင်ဖြည့်ဆည်းပေးထားသည့် ကျွန်ုပ်တို့၏ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ရေးပြုလုပ်ရာနေရာသည် စစ်မှန်သောအဆင့်အတန်း ၊ အရည်အသွေးနှင့် အေးဆေး တည်ငြိမ်မှုပတ်ဝန်းကျင်အခြေအနေ တစ်ရပ်ပေးအပ်နိုင်ရေး အစစအရာရာ အသေးစိတ်စဉ်းစားထားပါသည်။ "

• ဧရိယာ - အားကစားခန်းမ = ၂၃၄.၇ စတုရန်းမီတာ

Inquiry

TEL +95-01-9351000 (Ext : 1275) ခေါျရနျ
TEL +95-01-9351160 ခေါျရနျ