Lotte Resort

နှစ်သက်စရာကောင်းသည့် ထပ်တိုးထားသော ပွဲစဉ်ဖြစ်ရပ်အမျိုးမျိုးဖြင့် ဖြည့်တင်းထားသော ပျော်ရွှင်ဖွယ် အပန်းဖြေအနားယူရာ နေရာတစ်ဖြစ်လည်း Lotte Resort သည် သင့်ခရီးစဉ်၏ အဆုံးပန်းတိုင် ဖြစ်လာနေပါတော့သည်။ သဘာဝဖြင့်ဖန်တီးထားသော ဇိမ်ကျနသည့် ပတ်ဝန်းကျင်ဗဟိုဝယ် ပြန်လည်ပြင်ဆင်ထား၍ သက်တောင့်သက်သာရှိသော ဧည့်သည်အခန်းများတွင် သင့်ခရီးမှာပို၍ပင် အကောင်းတကာ့အကောင်းဆုံး ဖြစ်လာပေမည်။

Our Story

Lotte Hotel Global - Brands - Resort - MULTIPLE

အနားယူမှုမှသည် ယဉ်ကျေးမှုနှင့်အားလပ်ချိန်အထိ အကြောင်းအရာအမျိုးမျိုးရှိသည့် ကွဲပြားသော ဝန်ဆောင်မှုများကို ပေးအပ်ထားသည့် အပန်းဖြေနေရာ

Lotte Hotel Global - Brands - Resort - RESTFUL

ရိုမန်တစ်ဆန်သော ဝန်းကျင်နှင့် လက်တွေ့အသုံးတည့်သည့် အသုံးအဆောင်များနှင့်အတူ ကြီးကျယ်ခမ်းနားစွာအနားယူမှုပေးအပ်ထားသော အပန်းဖြေနေရာ

Lotte Hotel Global - Brand - Resort - TOUCHED

ကောင်းကင်ဘုံတမျှလက်ရာဆန်သည့် သဘာဝအလှတရားမြင်ကွင်း၊ မတူညီထူးခြားသော ဝန်ဆောင်မှုများနှင့်အတူ စိတ်ကျေနပ်ချမ်းသာမှုကမ်းလှမ်းထားသော အပန်းဖြေနေရာ

Key Features

Lotte Hotel Global - About Our Brands - Resort Room Photos

အခနျးမြား

သက်တောင့်သက်သာစွာဖြင့် အနားယူနိုင်ပြီး ဘဘာဝဆန်မှုမှတဆင့် စိတ်ကျေနပ်ချမ်းသာမှု အတွေ့အကြုံရှိပါသည်။ ဘသာဝအလှတရားကို မြင်ကွင်းကျယ်ဖြင့်ရှုမြင်ရခြင်းသည် အံ့ဖွယ်ကောင်းသည့် သင့်အား အတွေ့အကြုံပေးအပ်ပြီး သင့်အနားယူမှုအတွက် ရင်သပ်ဖွယ် ရုပ်ပုံပန်းချီးကားတစ်ချပ်ကို ဖန်တီးပေးပါသည်။ သင်၏ နေ့စဉ်ဘဝ စိတ်ဖိစီးမှုကို ဖြေလျော့လိုက်ပြီး သဘာဝနှင့်လိုက်လျောညီသည့် နေရာဝယ် ပြန်လည်ဆန်းသစ်နိုင်သည့် စွမ်းအင်ဖြင့် သင့်ကိုယ်သင် အားသစ်ဖြည့်လှည့်ပါ။ သက်တောင့်သက်သာရှိသည့်အပြင် ပြန်လည်အားသစ်ထားသည့် အတွင်းပိုင်းအလှဆင်မှုသည် သင့်အနားယူမှုအတွက် အစွမ်းဆုံး နှစ်သက်ဖွယ်ကို ပေးစွမ်းပေမည်။ ထိုသို့အားဖြင့် သင့်စိတ်နှင့်ခန္ဓ အနားယူမှုမှတဆင့် စစ်မှန်သောကျန်းမာချမ်းသာမှုကို တွေ့ကြုံခံစားနိုင်ပေမည်။
Lotte Hotel Global - About Our Brands - Resort Water Park Photos

အဏ္ဏဝါ အပန်းဖြေ ကစားကွင်း

ကျယ်ပြန့်ပွင့်လင်းသည့် ရှုခင်းမြင်ကွင်းနှင့်အတူ အားသစ်ပြန်လည်ဖြည့်ပေးနိုင်သော ပျော်ရွှင်ဖွယ်ရာကို နှံ့နှ့့ံစပ်စပ် ခုံမှင်လိုက်ပါ။ သင့်အပန်းဖြေမှုမှာ စိတ်လှုပ်ရှားမှုကို ထည့်လောင်းခြင်း။ ကစားကွင်းရှိ အမျိုးမျိုးသောကဏ္ဍအောက်တွင် အဏ္ဏဝါ ဂိမ်းအသုံးအဆောင်များနှင့် စပါးအသုံးအဆောင်များသည် အသက်အရွယ်မရွေးကျားမ- မရွေးပျော်ရွှင်နိုင်သည့် စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည့် ရင်သပ်အံ့ဖွယ် နေရာများကို သင့်ထံ ပေးအပ်ထားပါသည်။ ပျော်ရွှင်ဖွယ်ရာ အမှတ်တရများစွာကို ပေးစွမ်းနိုင်သည့် အရောင်အစဉ်အသွေးစုံလင်သော နှစ်သက်ဖွယ်ရာများစွာရှိပါသည်။ သဘာဝနှင့်အတူ စိတ်လှုပ်ရှားဖွယ်ကောင်းဖွယ်ဆွဲဆောင်ရာနေရာများဖြင့် ဖော်ကျူးထားသည့် ဝန်းကျင်ကို ခုံမင်ခံစားနိုင်သည်။
Lotte Hotel Global - About Our Brands - Resort Meeting Photos

အစည်းအဝေး

အကောင်းဆုံး ကြီးကျယ်ခမ်းနားသော ဝန်ဆောင်မှုများနှင့်အတူ လုပ်ငန်းအတွက် ဂုဏ်သိက္ခာကိုပါ ထည့်ဖြည့်ပေးခြင်း။
ပမာဏအသေးစား မိသားစု စုံညီစုဝေးမှသည် ပမာဏအကြီးစား နိုင်ငံတကာ အစည်းအဝေးအထိ အမျိုးမျိုးသော ပမာဏများနှင့် ကွဲပြားထူးခြား နားသော လက္ခဏာအမျိုးမျိုးအတွက် ပနံ့အသင့်ဆုံးသော ခမ်းနားသည့် အကျွေးအမွေး ဝန်ဆောင်မှုများကို သင်တွေ့ကြုံခံစားနိုင်သည်။
နှစ်လိုဖွယ် နေရာများနှင့် နောက်ဆုံးပေါ်ခေတ်မှီစနစ်များသည် သင့်လုပ်ငန်း ဆောင်ရွက်မှုများအဆင့်ကို အရှိန်မြှင့်တင်ပေးပေမည်။
Lotte Resort ၏ MICE စီမံခန့်ခွဲမှု know-how (မည်သို့စီမံရမည်ကိုသိသည့်အတတ်ပညာ)သည် စီးပွားရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုများကို သင်အောင်မြင်စွာလက်ခံကျင်းပစေရာတွင် အထောက်အကူပြုပေမည်။ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆောင်ရွက်မှုများအတွက် လိုအပ်ချက်အမျိုးမျိုးရှိမှု၏ အယူအဆကို ကျွန်ုပ်တို့မှ စေ့စပ်သေချာစွာ ထည့်သွင်းစဉ်းစားပါသည်။
Lotte Hotel Global - Introduction to Brand - Resort Dining Photos

စားသောက်ခန်းမ

လတ်ဆတ်သော ကုန်ကြမ်းများကို ထုတ်လုပ်သည့် နေရာမှ တိုက်ရိုက်ဝယ်ယူခြင်းကြောင့် သင်၏ ရသာရုံအတွေ့အကြုံအား ညှိ့ငင်ဖမ်းယူပါလိမ့်မည်။
ရိုးသားမှန်ကန်မှုနှင့်အတူ သန့်ရှင်း၍ သဘာဝကျသည့် ပတ်ဝန်းကျင်၌ စိုက်ပျိုးကြီးထွားသော ရာသီအလိုက် ကုန်ကြမ်းများကိုသာ အသုံးပြုခြင်းဖြင့် ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်ပါသည်။
သက်တောင့်သက်သာရှိသည့်အပြင် ပြန်လည်ဆန်းသစ်ထားသော ဝန်းကျင်တွင် ရာသီအလိုက် သီးသန့်အထူးဟင်းလျာ၊ ဘူဖေးနှင့် လေဟာပြင် အကင် BBQ အပါအဝင် စားသောက်ခန်းမပုံစံအမျိုးမျိုးကို သင်ခုံမှင်စားသုံးနိုင်ပါသည်။