Home About LOTTE Jobs Explore Careers

Explore Careers

Lotte Hotel ၏ အိမ်မက်များဖြစ်သည် “ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီး” ၊ “လွတ်လပ်မှုအခွင့်အရေးများဖြင့် လူမှုအသိုင်းအ၀ိုင်း” ၊ ထို့ပြင် “လျှံပယ်ကြွယ်ဝသော ဘ၀အသက်တာ” အစရှိသည်အား ဖန်တီးရန် ရည်မှန်းချက်အား ပြီးမြောက်ပြည့်စုံနိုင်စေရန် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်သော လူငယ်များအား ကျွန်ုပ်တို့မှ ဖိတ်ကြားအပ်ပါသည်။

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

“ဟိုတယ်၏ ပန်းပွင့်များ” ဟုလည်း ခေါ်ဝေါ်ခိုင်းနှိုင်းသည့် ဧည့်သည်အခန်း ၀န်ထမ်းများသည် ဧည့်သည်အခန်းများအား စီမံစောင့်ရှောက်မှု၊ ဧည့်သည်အား ပံ့ပိုးထောက်ပံ့မှု နှင့် ဧည့်သည် ဧည့်ကြိုဌာနတို့တွင် တာဝန်ရှိပါသည်။ ၎င်းတို့သည် အခန်းပရိုမိုးရှင်းမြင့်တင်မှု၊ ဧည့်သည်ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် ချက်ခ်အင်၊ ချက်ခ်အောက် အ၀င်၊ အထွက်များအတွက် အရှေ့ ဧည့်ကြိုလက်ခံ စားပွဲအတွက်လည်း တာဝန်ယူရမည်။ ဧည့်သည်အခန်း ၀န်ထမ်းများသည် တည်းခိုသူများထံမှ အမျိုးမျိုးသော တောင်းဆိုချက်များ နှင့် မကျေနပ်မှု တိုင်ကြားချက်များအား လက်ခံရယူကာ လုပ်ငန်းစီစဉ် ဆောင်ရွက်ပေးခြင်းဖြင့် တည်းခိုသူများ၏ စိတ်ကျေနပ်မှုကို တိုးမြင့်ပေးရန် ကြိုးစားရမည်။ ၎င်းတို့သည် ဧည့်သည်များအားစောင့်ရှောက်မှု လုပ်ငန်းစဉ်ကြီး တစ်ခုလုံးအတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ ဤတွင် ဧည့်သည်ဖြစ်သူမှ ၎င်း၏ ကားထဲမှ ခြေလှမ်း လှမ်းထွက်လာချိန်မှစ၍၊ ဟိုတယ်ထဲသို့ ၀င်ရောက်ခြင်း၊ ချက်ခ်အောက်လုပ်၍ ဟိုတယ်ထဲမှ ပြန်ထွက်သွားချိန်အထိ တာဝန်ယူရမည်။ သို့ဖြစ်ရာ တည်းခိုသူဧည့်သည်ဖြင့် ဆက်သွယ်ဆောင်ရွက်မှု နှင့် အခင်အမင်မပျက်သော ဆက်ဆံရေးအား ထိန်းသိမ်းထားနိုင်စွမ်းမှာ အလွန်ပင် အဓိက ကျပါသည်။ ဟိုတယ်သည် ဧည့်သည်၏ စိတ်

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - အရှေ့စားပွဲ ၀န်ဆောင်မှုများ၊ ဧည့်ကြိုတံခါးစောင့် ၀န်ဆောင်မှုများ၊ ဆက်သွယ်ဆောင်ရွက်ရေး နှင့် အသေးစိတ် အာရုံစိုက်စီမံရန် လိုအပ်သည့် ခေါင်းဆောင်မှု/စီးပွားရေးလုပ်ငန်းတာဝန်များ အစရှိသည်တို့ကို ဆောင်ရွက်နိုင်စွမ်း
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဧည့်ဝတ်ကြိုဆိုမှုဆိုင်ရာ အထူးပြုထားသူများ

အဖွဲ့

ဧည့်သည်အခန်း အဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

စီးပွားရေး စီမံခန့်ခွဲမှုအား ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာ ပန်းတိုင်များအား သတ်မှတ်၊ စီမံဆောင်ရွက်ရာတွင် အထောက်အပံ့ပေးသည့် အလုပ်အကိုင်တစ်ခု အဖြစ် သတ်မှတ်စဉ်းစားကြည့်ပါ။ စီးပွားရေး စီမံခန့်ခွဲမှုအား စီမံကိန်းရေးဆွဲခြင်း၊ HR ၊ လေ့ကျင့်သင်တန်းပို့ချခြင်း၊ အတွင်းရေးမှူးဆိုင်ရာ စီမံခန့်ခွဲမှု နှင့် အ၀ယ်တော်ဟူ၍ ပိုင်းခြားထားနိုင်ပေသည်။ စီမံကိန်းရေးဆွဲခြင်းဌာနသည် စီးပွားရေးလုပ်ငန်း အစီအစဉ်များ၊ ထို့ပြင် နိုင်ငံရပ်ခြားရှိ အလုံးစုံသော စီးပွားရေးလုပ်ငန်း စီမံလည်ပတ်မှုများကို ထုတ်ပြန်သတ်မှတ်၊ စီမံခန့်ခွဲမှုပြုပေသည်။ HR လေ့ကျင့်သင်တန်းပို့ချခြင်းအပိုင်းမှာမူ အရည်အချင်းရှိသူများအား အလုပ်ခန့်အပ်မှု၊ လေ့ကျင့်ပို့ချမှု၊ ဌာနကူးပြောင်းမှု၊ အကဲဖြတ်သုံးသပ်မှု နှင့် ၀န်ထမ်းများ၏ လျော်ကြေးဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်ရပေသည်။ အတွင်းရေးမှူးဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းအား ကုမ္ပဏီ၏ အိမ်ထောင်မှုထိန်းသိမ်းသူအဖြစ် ခိုင်းနှိုင်းသတ်မှတ်နိုင်မည်။ ဤအပိုင်းဌာနအတွင်းမှ ၀န်ထမ်းများသည် ၀ယ်ယူခြင်း၊ ပိုင်ဆိုင်မှုများအား စီမံခန့်ခွဲခြင်း နှင့် လူမှုဖူလုံရေး၊ ပရိုမိုးရှင်း စီမံခန့်ခွဲမှုများမှတစ်ဆင့် ထိရောက်မှုရှိပြီး သာယာစိတ်ကျေနပ်ဖ

လိုအပ်ချက်များ

လိုအပ်သော အရည်အချင်းများမှာ တီထွင်ဖန်တီးနိုင်စွမ်း၊ အစီအစဉ်ချမှတ်ရေးဆွဲနိုင်စွမ်း၊ စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်စွမ်း၊ တာဝန်ယူလိုစိတ်၊ စိတ်ဖြာခွဲခြမ်း သုံးသပ်နိုင်မှု၊ အဖွဲ့လိုက် စိတ်ဓာတ်/ပူးပေါင်းဆောင်ရွက်မှု နှင့် ဖန်တီးမှုရှိသော အတွေးအခေါ်ပိုင်းတို့ ဖြစ်သည်။

အဖွဲ့

စီမံကိန်းရေးဆွဲခြင်းအဖွဲ့ ၊ HR လေ့ကျင့်သင်ကြားပို့ချခြင်း အဖွဲ့ ၊ ၀န်ဆောင်မှုများ တိုးတက်စေရေး အဖွဲ့ ၊ R&D အဖွဲ့ ၊ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းအဖွဲ့ ၊ စီမံခန့်ခွဲမှုအဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

Lotte Hotels ဒီဇိုင်းအဖွဲ့ သည် ကုမ္ပဏီ၏ မဟာနည်းဗျူဟာနှင့် ကိုက်ညီမှုရှိသည့် အကောင်းဆုံးသော ဒီဇိုင်းပိုင်းဆိုင်ရာ အတွေးအခေါ် နှင့် လမ်းညွှန်များတို့ကို ထုတ်ပြန်နိုင်ရန် ဟိုတယ် စီးပွားရေးလုပ်ငန်းဇုံ နှင့် ဒီဇိုင်းပိုင်းဆိုင်ရာ လုပ်ငန်းဇုံများထဲမှ အဆင့်မြင့် လက်ရှိခေတ်စားနေသော ဒီဇိုင်းများအား လေ့လာသုံးသပ်၊ စံနမူနာယူပေသည်။ ၎င်းနောက် ကုမ္ပဏီ၏ ကုန်အမှတ်အသားတန်ဖိုး ပုံရိပ်တို့နှင့်အညီ ၎င်းတို့အား သက်ရောက် အသုံးချသည်။ ဤသို့ဆောင်ရွက်ရန် အဖွဲ့သည် ထုတ်လုပ်မှုအပိုင်း အရည်အသွေးအား တိုးတက်စေရန် အစွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ရပေသည်၊ သို့မှသာ ၎င်းသည် ဟိုတယ်၏အဆင့်နှင့် ကိုက်ညီနိုင်မည်။ ထို့ပြင် အဖွဲ့သည် အဖွဲ့ဝင်တစ်ဦးစီအား ၎င်းတို့၏ တီထွင်ဖန်တီးမှု နှင့် စွမ်းဆောင်နိုင်စွမ်းတို့ကို အမြင့်မားဆုံး အသုံးချနိုင်စေရန် စိတ်ဓာတ်လှုံ့ဆော်မှုပေးပြီး၊ လုပ်ငန်းများအား စုစည်းဆောင်ရွက်ရန်အတွက်လည်း အားထုတ်ရသည်။

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ -
1) ဂရပ်ဖစ်ဒီဇိုင်းပိုင်းမှအစ နေရာလွတ်များအား အလှဆင်ကိရိယာများဖြင့် ဒီဇိုင်းရေးဆွဲခြင်းအထိ အမျိုးမျိုးသော အနုပညာပိုင်း နယ်ပယ်ရပ်များတွင် ဖန်တီးကြံဆနိုင်စွမ်း။
2) ဒီဇိုင်းအယူအဆတစ်ခုအား ရေးဆွဲ၊ တင်ပြနိုင်စွမ်း
3) သက်ဆိုင်ရာ အပိုင်းဌာနများဖြင့်သော်လည်းကောင်း သို့မဟုတ် ပြင်ပကုမ္ပဏီများဖြင့်သော်လည်းကောင်း ချောမွေ့ပြေပြစ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း
4) ခေတ်စားနေသော ဒီဇိုင်းများအား လေ့လာသုံးသပ်၍ တီထွင်ဖန်တီးမှုရှိသော ဦးတည်းချက်တစ်ခုအား တင်ပြနိုင်စွမ်း
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဒီဇိုင်း

အဖွဲ့

ဒီဇိုင်းအဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

Lotte Hotels သည် ကမ္ဘာတစ်ဝှမ်း လုပ်ငန်းများ တိုးချဲ့ လျက်ရှိပြီး၊ အသစ်သော ဟိုတယ်များဖွင့်လှစ်ခြင်း အပါအ၀င် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်း အသစ်များအား သုံးသပ်စစ်ဆေး၊ ရင်ဆိုင်ရလျက် ရှိပေသည်။ သို့ဖြစ်သောကြောင့် ဟိုတယ်၏ ဥပဒေရေးရာအဖွဲ့သည် စီးပွားရေးလုပ်ငန်း အသစ်အား ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသော ဥပဒေထုတ်ပြန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုပြုရန် လိုအပ်ပေသည်။ ထို့ပြင် အဖွဲ့သည် အမျိုးမျိုးသော ဥပဒေရေးရာ အငြင်းပွားမှုများ နှင့် ဟိုတယ်စီမံလည်ပတ်မှုအတွင်း ထွက်ပေါ်လာသော ပြသနာကိစ္စရပ်များအား တုံ့ပြန်ဖြေရှင်းရန် ဟိုတယ်၏ ဥပဒေနှင့်အညီ လိုက်နာကျင့်ကြံမှုအားလည်း ထိန်းသိမ်းပေးရန် မဖြစ်မနေ လိုအပ်ပေသည်။ သို့ဖြစ်ရာ ဥပဒေအဖွဲ့သည် စီးပွားရေးလုပ်ငန်းအသစ်များ လိုင်စင်ချခြင်း နှင့်၊ MOU ၊ သဘောတူညီချက်များ နှင့် ပူးပေါင်းဆောင်ရွက်မှုများ အပါအ၀င် အခြားသော စာချုပ်များဖြင့် ဆက်နွယ်သော ဥပဒေရေးရာ စာချုပ်များကို သုံးသပ်စစ်ဆေးမှု ပြုရပေမည်။ အဖွဲ့သည် ဟိုတယ်စီးပွားရေးလုပ်ငန်း နှင့် စီမံခန့်ခွဲမှုတို့အပေါ် တရားစွဲဆိုမှုများအားလည်း ဖြေရှင်းပေးရမည်ဖြစ်ပြီး၊ ဟိုတယ်အတွင်း ဖြစ်ပေါ်သည့် အမျိုးမျိုးသော တရားမမှု နှင့် ရာဇ၀တ

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - စီးပွားရေးလုပ်ငန်း စည်းမျဉ်းစည်းကမ်း၊ လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စွမ်း၊ အသေးစိတ်ကအစ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်း နှင့် အချက်ကျကျတွေးခေါ်စဉ်းစားနိုင်စွမ်း
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဥပဒေ

အဖွဲ့

စီမံခန့်ခွဲမှု အဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

အစားအသောက် နှင့် ဖျော်ရည်ယာမကာ (F&B) အဖွဲ့သည် ဟိုတယ်မီးဖိုဆောင်အတွင်း ပြင်ဆင်သော ဟင်းပွဲပန်းကန်များအား ထောက်ပံ့ပေးပြီး၊ ဧည့်သည်၏ စိတ်ကျေနပ်မှု မြင့်တက်စေရန် အကောင်းဆုံးသော ၀န်ဆောင်မှုအား ထောက်ပံ့ပေးသည်။ အစားအသောက် နှင့် ဖျော်ရည်ယာမကာအပိုင်းအား ဧည့်သည်အခန်းဌာနအပိုင်းနည်းတူ “ဟိုတယ်၏ ပန်းပွင့်များ” ဟု ခိုင်းနှိုင်းသတ်မှတ်ထားပြီး၊ ၎င်းတို့သည် ဧည့်သည်ဖြစ်သူနှင့်ဟိုတယ်အကြား အနီးစပ်ဆုံး ထိတွေ့ဆက်ဆံရသည့်အပိုင်းလည်း ဖြစ်သည်။ စားသောက်ဆိုင်လုပ်ငန်းအကြား အပြိုင်အဆိုင်များ မြင့်တက်လာမှုကို အမီလိုက်နိုင်ရန် အဖွဲ့ သည် အစဉ်ဆိုသလို နောက်ဆုံးပေါ် ခေတ်မီသည့် မီနျူးအိုင်တမ်များအား ဖန်တီးကြံဆပြီး၊ အကောင်းမွန်ဆုံးသော ၀န်ဆောင်မှုအား ထောက်ပံ့ပေးရမည်။ ဤသည်မှာ အစားအသောက် နှင့် ဖျော်ရည်ယာမကာအပိုင်းသည် လျှင်မြန်စွာ အပြောင်းအလဲများပြုလုပ်ရန် နှင့်၊ ပရိုမိုးရှင်း နှင့် ဧည့်သည်ဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းများတွင် အခြားသော အဖွဲ့များထက် ပိုမို တက်ကြွဆောင်ရွက်မှုရှိရန် လိုအပ်ရသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ထို့ပြင် အစားအသောက် နှင့် ဖျော်ရည်ယာမကာအပိုင်းသည် ဧည့်သည်အခန်းများနှင့်မတူဘဲ မြင့်မားသော ငွေကုန်ကြေးကျစရိတ်များ ရှိပေသည်။

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - အစားအသောက် နှင့် ဖျော်ရည်ယာမကာ ၀န်ဆောင်မှုအား ထောက်ပံ့နိုင်စွမ်း၊ ကောင်းမွန်သော အဖွဲ့ လိုက်စိတ်ဓာတ်/ပူးပေါင်းဆောင်ရွက်မှု၊ အမြတ်၊အရှုံး သိရှိနားလည်မှု နှင့် ဆက်ဆံရေးများ တည်ဆောက်နိုင်စွမ်း
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဧည့်ဝတ်ကြိုဆိုမှုဆိုင်ရာ အထူးပြုထားသူများ

အဖွဲ့

အစားအသောက် နှင့် ဖျော်ရည်ယာမကာ အပိုင်း

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

အရောင်း စီမံခန့်ခွဲမှု အဖွဲ့အား ပရိုမိုးရှင်း၊ ဈေးကွက်ရှာဖွေမှု မားကတ်တင်း နှင့် လူထု ဆက်ဆံရေးများဟူ၍ ပိုင်းခြားနိုင်ပေသည်။ ပရိုမိုးရှင်းအဖွဲ့သည် အခန်းများ၊ အစားအသောက်ဧည့်ခင်းမှုများ၏ ဈေးကွက်အား လေ့လာသုံးသပ်ချက်မှ ရရှိသော သင့်တော်ရာ ဧည့်သည်အမျိုးအစားအပေါ် အခြေခံကာ ဟိုတယ်ထုတ်ကုန်ပစ္စည်းများအား တက်ကြွစွာ အရောင်းမြင့်တင်ခြင်း နှင့် အချက်အလက်များ မျှဝေခြင်းတို့အားဖြင့် ဧည့်သည်များအား စွဲဆောင်ရန် တာဝန်ယူရပေသည်။ ဈေးကွက်ရှာဖွေရေး မားကတ်တင်းဌာနသည် ဟိုတယ်၏ ကုန်ပစ္စည်း ရေးဆွဲဖန်တီးမှု နှင့် ပရိုမိုးရှင်းအပိုင်း လှုပ်ရှားဆောင်ရွက်မှုများအား ကြီးကြပ်၊ ချိန်ညှိရန် လျှင်မြန်စွာပြောင်းလဲနေသော ဈေးကွက် နှင့် ဧည့်သည်တို့၏ ခေတ်ရေစီးကြောင်းများအား လေ့လာမှုပြုသည်။ ဤဌာနသည် မြင့်မားသော အမြတ်အစွန်းအား ထုတ်လုပ်နိုင်ရန် ကြိုးပမ်းအားထုတ်လျက် ရှိစဉ်၊ တစ်ဖက်တွင်လည်း နိုင်ငံရပ်ခြား ဖက်စပ် ဈေးကွက်ရှာဖွေမှု ဌာနများမှတစ်ဆင့် အမျိုးမျိုးသော မားကတ်တင်း အစီအစဉ်များအား ဆောင်ရွက်ခြင်းဖြင့် “Hotel Lotte” ကုန်အမှတ်အသားတံဆိပ်အား စီမံခန့်ခွဲမှုပြုပေသည်။ PR အပိုင်းဌာနသည် နိုင်ငံတွင်း နှင့် နိုင်ငံတကာ ကြော်ငြာများ၊ ထို့ပြင် အမျိုးမျို

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - အရောင်း အစီအစဉ်များ၊ ပရိုမိုးရှင်းများ၊ ပန်းတိုင်ရေးရှုဆောင်ရွက်မှု၊ အပြောကောင်းဆွဲဆောင်နိုင်စွမ်း/ လွှမ်းမိုးနိုင်စွမ်း၊ တာဝန်အမျိုးမျိုးအား တစ်ချိန်တည်း ဆောင်ရွက်နိုင်စွမ်း
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - သက်ဆိုင်ရာ အထူးပြုမှုများဟူ၍ မရှိပေ

အဖွဲ့

ပရိုမိုးရှင်းအဖွဲ့ ၊ မားကတ်တင်းအဖွဲ့ ၊ PR အဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

ငွေကြေးစီမံမှုအဖွဲ့သည် ကုမ္ပဏီ နှင့် ပြင်ပ ပါတီအဖွဲ့အစည်းများထံသို့ ငွေစာရင်း၊ စာရင်းစစ်၊ နှင့် အကောင့်လက်ကျန်များ ကဲ့သို့ အရေးကြီးသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များအား အချိန်မှန် ထောက်ပံ့ပေးခြင်းအားဖြင့် အချက်အလက်ကျသော စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်ပြုလုပ်မှုများအား ပံ့ပိုးထောက်ပံ့ပေးသည်။ ငွေကြေးစီမံမှုအပိုင်းအား အစိတ်အပိုင်းကြီး သုံးခုအဖြစ်သို့ ပိုင်းခြားထားသည် - ရန်ပုံငွေများ၊ စာရင်းကိုင်ခြင်း နှင့် ချေးငွေများ ဖြစ်သည်။ ရန်ပုံငွေများအပိုင်းသည် အမျိုးမျိုးသော ရန်ပုံငွေ စီမံခန့်ခွဲမှု၊ လည်ပတ်မှု၊ ရယူမှု နှင့် တွန်းအားပေးဆောင်ရွက်မှုတို့အား တာဝန်ယူရသည်။ ဤအပိုင်းသည် ဘဏ်များ နှင့် အမျိုးမျိုးသော ငွေကြေး အဖွဲ့အစည်းများဖြင့် ရင်းနှီးသော ဆက်ဆံရေး ထိန်းသိမ်းထားရန်လိုအပ်ပြီး၊ ၎င်း၏ တာဝန်များထဲမှ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ ပြင်ပ ငွေကြေး အဖွဲ့အစည်းများနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများ ဖြစ်ပေသည်။ စာရင်းကိုင်ဌာနမှာမူ အထွေထွေ၊ အခွန် နှင့် ဆောက်လုပ်ရေး ငွေစာရင်းများအား တာဝန်ယူရသည်။ တစ်လစီ၏ အဆုံးသတ်တွင် လပိတ် ငွေလက်ကျန်စာရင်း တာဝန်များဖြင့် အလွန် အလုပ်များရသည်။ ဤအပိုင်းဌာနသည် ငွေကြေးဆိုင်ရာ ခ

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - လျှင်မြန်စွာ အတွက်အချက်ပြုလုပ်နိုင်စွမ်း၊ စာရင်းကိုင်ပညာရပ်နှင့်ပတ်သက်သည့် လုပ်ငန်း ဗဟုသုတ၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်း၊ ရိုးသားဖြောင့်မတ်မှု နှင့် ကိုယ်ကျင့်တရား
- ပိုမိုနှစ်လိုသော အသိအမှတ်ပြုလွှာများ - CPA ၊ AICPA
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - စာရင်းကိုင်/အခွန်ဆိုင်ရာ

အဖွဲ့

Finance Division

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

အချက်အပြုတ်အဖွဲ့သည် Lotte Hotels ရှိ ချက်ပြုတ်မှု တာဝန်များ အားလုံးအတွက် တာဝန်ရှိပေသည်။ ၎င်းတို့၏ အဓိက တာဝန်မှာ ချက်ပြုတ်ရန် နှင့် ဟိုတယ်တစ်ခုစီရှိ မီနျူးအိုင်တမ်များအား ထုတ်လုပ်ရန် ဖြစ်သော်ငြား အဖွဲ့သည် အသစ်သော မီနျူးများ ရေးဆွဲခြင်း နှင့် အရည်အသွေး ထိန်းချုပ်မှုတို့အတွက်လည်း တာဝန်ရှိပေသည်။ အစားအသောက် ၀န်ဆောင်မှုလုပ်ငန်းသည် ခေတ်ရေးစီးကြောင်းဖြင့် အလွန်ပင် နည်းနည်းလေးမှ အမှားအယွင်း မခံသော လုပ်ငန်းဖြစ်သည်ဖြစ်ရာ ဧည့်သည်များ၏ တောင်းဆိုချက်များဖြင့် ကိုက်ညီသည့် မီနျူးအိုင်တမ် အသစ်များအား ရေးဆွဲ၊ တင်ပြရန်ဆောင်ရွက်ရမည် ဖြစ်သလို တစ်ဖက်တွင်လည်း ဤအပြောင်းအလဲများအား လျှင်မြန်စွာ ဖတ်ရှုသိရှိထားရန် လိုအပ်ပေသည်။ အချက်အပြုတ်အဖွဲ့သည် အချက်အပြုတ်မီနျူး အိုင်တမ်များ နှင့် အသစ်သော မီနျူးများအား ရေးဆွဲခြင်းအတွက်သာလျှင်မက အချက်အပြုတ်သုံး ပစ္စည်းများအား စီမံ၊ ၀ယ်ယူ၊ စီစဉ်ခြင်းအတွက်လည်း တာဝန်ရှိပေသည်။ အကောင်းမွန်ဆုံးသော အရည်အသွေးဖြင့် ဧည့်သည်များ၏ စိတ်ကျေနပ်မှုအား အမြင့်မားဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိစဉ် တစ်ဖက်တွင်လည်း အမြတ်အစွန်း ရရှိနိုင်ရန်ငွေကုန်ကျမှုစရိတ်များအား စီမံခန့်ခွဲမှုသည်လည်း အရေးကြီးပေသည်။ အရေးအပါဆ

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - တီထွင်ဖန်တီးမှု၊ တာဝန်ယူလိုစိတ်၊ နည်းပညာပိုင်း ကျွမ်းကျင်မှု၊ ကုမ္ပဏီအပေါ် သစ္စာရှိမှု၊ နိုင်ငံခြား ဘာသာစကား ကျွမ်းကျင်မှု
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - အချက်အပြုတ်၊ ဟိုတယ်ပိုင်း ချက်ပြုတ်ခြင်း

အဖွဲ့

Seoul အချက်အပြုတ်အဖွဲ့

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

အထွေထွေဝန်ဆောင်မှုအဖွဲ့သည် ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှုလက်အောက်တွင်ရှိသော အထွေထွေ ၀န်ဆောင်မှုများအား ထိန်းသိမ်းရေး၊ နိုင်ငံတွင်း နှင့် နိုင်ငံရပ်ခြား စီမံကိန်းများ နှင့် ဟိုတယ်ခွဲများအတွက် ဆောက်လုပ်ရေး ဒီဇိုင်း၊ ဆောက်လုပ်ရေးပိုင်း ကြီးကြပ်မှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုတို့အတွက် တာဝန်ရှိပေသည်။ အဖွဲ့သည် အကောင်းမွန်ဆုံးသော ၀န်ဆောင်မှုဖြင့် ဧည့်သည်များအား ထောက်ပံ့ပေးနိုင်ရန် နေ့စဉ် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တာဝန်ယူပြီး၊ အလှဆင်ထားသည့် ၀န်ဆောင်မှုများအား ပြုပြင်ထိန်းသိမ်းခြင်း၊ ကိရိယာပစ္စည်းများအား စစ်ဆေး၊ အစားထိုးခြင်း နှင့် အခန်းများအတွက် ပြုပြင်ခြင်း၊ အဆင့်မြင့်ခြင်း၊ နေရာများအား စီမံလည်ပတ်ခြင်း နှင့် အထွေထွေ ၀န်ဆောင်ထာက်ပံ့မှုများအတွက် တာဝန်ယူရပေသည်။ ဟိုတယ်ခွဲများ၊ ထို့ပြင် ပြည်တွင်း နှင့် နိုင်ငံရပ်ခြား စီမံကိန်းများအတွက် တာဝန်များအား ထမ်းဆောင်ချိန်တွင် အလုံးစုံသော ဒီဇိုင်းပိုင်း၊ ကိရိယာပစ္စည်းများ ရွေးချယ်မှု၊ ဆောက်လုပ်ရေးပိုင်း နှင့် ကြီးကြပ်မှုအပိုင်းတို့အား တာဝန်ယူစေရန် ၀န်ထမ်းများအား ဆိုဒ်နေရာသို့ စေလွှတ်ပေသည်။ ဖွင့်ပွဲပြီးနောက်တွင် အဖွဲ့သည် ဟိုတယ်၏ အထွေထွေဝန်ဆောင်ထောက်ပံ့မှု

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - တာဝန်ယူလိုစိတ်၊ နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ လုပ်ငန်းစီမံဆောင်ရွက်လိုစိတ်၊ ဆက်သွယ်ဆောင်ရွက်မှု၊ ကုမ္ပဏီအပေါ် သစ္စာရှိမှု
- လုပ်ငန်း ဗဟုသုတ - ဆောက်လုပ်ရေးအပိုင်း၊ လျှပ်စစ်အပိုင်း၊ စက်ယန္တရား၊ မီးအန္တရာယ်လုံခြုံရေး ကိရိယာများ
- လိုအပ်သော အသိအမှတ်ပြုလွှာ - ဗိသုကာ၊ လျှပ်စစ်၊ စက်ယန္တရား သို့မဟုတ် မီးအန္တရာယ်လုံခြုံရေးတို့နှင့် သက်ဆိုင်သည့် အသိအမှတ်ပြုလွှာ
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဗိသုကာပိုင်းဆိုင်ရာ အင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ နှင့် မီးအန္တရာယ်လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုတို့ဖြင့် သက်ဆိုင်သည့် အထူးပြုမှုများ

အဖွဲ့

အထွေထွေဝန်ဆောင်မှု အဖွဲ့ (ဆောက်လုပ်ရေး၊ လျှပ်စစ်၊ အထွေထွေ ၀န်ဆောင်မှုများ နှင့် ကပ်ဘေးအန္တရာယ် ကာကွယ်မှုတို့အတွက် တာဝန်ရှိပေသည်)

အလုပ်အကိုင် ရှင်းလင်းဖော်ပြချက်

ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့အား “ပရိဘောဂပစ္စည်း အဖွဲ့” ၊ “အတွင်းပိုင်း အဖွဲ့” နှင့် “နိုင်ငံရပ်ခြား ဒီဇိုင်းအဖွဲ့” ဟူ၍ ပိုင်းခြားထားသည်။ ပရိဘောဂပစ္စည်း အဖွဲ့သည် ဌာနချုပ်၊ ထို့ပြင် ပြည်တွင်း နှင့် နိုင်ငံရပ်ခြားမှ ဟိုတယ်ခွဲများအား ဆောက်လုပ်စဉ်အတွင်း နှင့် ပြန်လည်ပြုပြင်ချိန်တွင် အတွင်းပိုင်း ပရိဘောဂပစ္စည်းများ နှင့် ပြုပြင်မှုများအား စစ်ဆေး၊ ရွေးချယ်၊ နေရာချဆုံးဖြတ်မှုကို ဆောင်ရွက်ပေသည်။ အတွင်းပိုင်းအဖွဲ့ မှာမူ ဌာနချုပ်၊ ထို့ပြင် ပြည်တွင်း နှင့် နိုင်ငံရပ်ခြားမှ ဟိုတယ်ခွဲများအား ဆောက်လုပ်စဉ်အတွင်း နှင့် ပြန်လည်ပြုပြင်ချိန်တွင် အတွင်းပိုင်း ဒီဇိုင်း၊ စီမံကြီးကြပ်မှု နှင့် ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အလုံးစုံသော တာဝန်များအတွက် တာဝန်ရှိပေသည်။ အဆုံးသတ်အနေနှင့် နိုင်ငံရပ်ခြား ဒီဇိုင်းအဖွဲ့သည် ဌာနချုပ်၊ ထို့ပြင် ပြည်တွင်း နှင့် နိုင်ငံရပ်ခြားမှ ဟိုတယ်ခွဲများအား ဆောက်လုပ်စဉ်အတွင်း နှင့် ပြန်လည်ပြုပြင်ချိန်တွင် စာချုပ်များ၊ ဒီဇိုင်းများ နှင့် နိုင်ငံရပ်ခြား အစီအစဉ်ရေးဆွဲသူများဖြင့်အတူ ဆောင်ရွက်သော ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုံးစုံသော တာဝန်များအတွက် တာဝန်ရှိပေသည်။ ဟိုတယ်ခွဲများ၊ ထိ

လိုအပ်ချက်များ

- လိုအပ်သော အရည်အချင်းကျွမ်းကျင်မှုများ - တာဝန်ယူလိုစိတ်၊ အလှအပ၊အနုပညာပိုင်း ခံစားတတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ လုပ်ငန်းစီမံဆောင်ရွက်လိုစိတ်၊ ဆက်သွယ်ဆောင်ရွက်မှု၊ ကုမ္ပဏီအပေါ် သစ္စာရှိမှု
- လုပ်ငန်း ဗဟုသုတ - ဆောက်လုပ်ရေး နှင့် ဒီဇိုင်းပိုင်း
- လိုအပ်သော အသိအမှတ်ပြုလွှာ - ဗိသုကာဆိုင်ရာ သို့မဟုတ် ဒီဇိုင်းပိုင်းနှင့်သက်ဆိုင်သည့် အသိအမှတ်ပြုလွှာ
- သက်ဆိုင်ရာ ပညာရပ် အထူးပြုမှုများ - ဗိသုကာ၊ ဗိသုကာ အင်ဂျင်နီယာ၊ ပရိဘောဂဒီဇိုင်းတို့နှင့် သက်ဆိုင်သည့် အထူးပြုမှုများ

အဖွဲ့

ပြန်လည်ပြုပြင်ဆောင်ရွက်ရေး အဖွဲ့အတွင်းရှိ ပရိဘောဂ၊ အတွင်းပိုင်း နှင့် နိုင်ငံရပ်ခြား ဒီဇိုင်းပိုင်းတို့အတွက် တာဝန်ယူရပေမည်။