Home Careers FAQ

Career FAQ

သင်၏ အထူးပြုမေဂျာသည် သင်လျှောက်ထားသော ရာထူးဖြင့် သက်ဆိုင်ခြင်း မရှိသည့်တိုင် သင် လျှောက်ထားနိုင်ဆဲ ဖြစ်ပါသည်။
သို့သော်လည်း အချို့သော ရာထူးနေရာများအတွက်မူ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်နှင့်ပတ်သက်သည့် လုပ်ငန်း ဗဟုသုတများအား လိုအပ်ကောင်း လိုအပ်ပေမည်။ အင်တာဗျူးမေးမြန်းမှု အတောအတွင်း အလုပ်ရာထူးအတွက် သင်၏ ပြင်းပြသောစိတ် နှင့် တိုးတက်နိုင်ခြေ အလားအလာအား ပြသရန်လည်း အရေးကြီးပေသည်။

ဘွဲ့ရများ နှင့် ဘွဲ့ရအောင်မြင်တော့မည်သူများသည် အလုပ်သင်အဖြစ်ရော တရားဝင်ခန့်အပ်မှု ရာထူးများတွင်ပါ လျှောက်ထားကောင်း လျှောက်ထားမှုပြုနိုင်ပြီး၊ ဤသို့ဆောင်ရွက်ခြင်းကြောင့် မည်သည့်ဆိုးကျိုးမှ ရှိမည်မဟုတ်ပေ။

ကျွန်ုပ်တို့သည် တစ်နှစ်လျှင် နှစ်ကြိမ် အသစ်များအား ခေါ်ဆိုခန့်အပ်ပါသည် - ပထမနှစ်ဝက်တွင် မတ်လ မှ ဧပြီလအထိ၊ နှင့် ဒုတိယနှစ်ဝက်တွင် စက်တင်ဘာလ မှ အောက်တိုဘာလအထိဖြစ်သည်။
ပမာဏများစွာအား ပုံမှန် ခေါ်ဆိုခန့်အပ်မှုအားဖြင့် ကျွန်ုပ်တို့သည် လူငယ်များအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်၊ နှင့် အလုပ်ခန့်အပ်မှုအား တိုးမြင့်ရန်၊ ထို့ပြင် ကျွန်ုပ်တို့၏ ကော်ပိုရိတ် လူမှုရေး တာဝန်ဝတ္တရားများအား ပြည့်မီဆောင်ရွက်နိုင်စေရန် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ပါသည်။

သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အသက်အရွယ် သို့မဟုတ် ကျား၊မ ကွဲပြားမှုများအပေါ် ကန့်သတ်ချက်များ သို့မဟုတ် ခွဲခြားဆက်ဆံမှုများ မရှိပေ။ Lotte Hotels ရှိ အလုပ်အကိုင် အခွင့်အလမ်းများသည် မည်သူမဆိုအတွက် ကျယ်ပြန့်စွာ ဖွင့်လှစ်ပေးထားပါသည်။
ဤရာထူးနေရာသည် သင့်အတွက်ဖြစ်သည်ဟု ယုံကြည်ပြီး၊ ယုံကြည်မှုအပြည့်ဖြင့်သာ လျှောက်ထားလိုက်ပါ။

Lotte Hotels ပင်မစာမျက်နှာ (http://www.lottehotel.com) သို့မဟုတ် Lotte Group အလုပ်ခန့်အပ်မှုဆိုင်ရာ ပင်မစာမျက်နှာ (http://job.lotte.co.kr) မှတစ်ဆင့် သင် လျှောက်ထားနိုင်ပါသည်။